Monday, January 7, 2013

မော်လမြိုင်မှ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အလွဲများ

ဒါလားကွ      အုပ်ချုပ်ရေးမှူးများ

                       မော်လမြိုင်မြို့၊မြေနီကုန်းရပ်ကွက် ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်ရန်
(၅.၁.၂၀၁၃)ရက်နေ့နံနက်(၀၉း၀၀)နာရီတွင် မြေနီကုန်းရပ်ကွက်၊အခြေခံပညာရေးကျောင်း၊မဟာမြိုင်တွင်
 မြို့နယ်တာဝန်ရှိ ရွေးချယ်ရေးအဖွဲ့မှ လာရောက်လျှက် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါသည်။
                      ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် ပါတီကြီးတစ်ခုမှ ဦးကြည်သိန်းအား ရပ်ကွက်အုပ်ချုပ်ရေး
မှူးအဖြစ် ရွေးချယ်ခဲ့ပါသည်။ 
                       ရပ်ကွက်အုပ်ချုပ်ရေးဥပဒေတွင် အခန်း(၃) ပုဒ်မ(၅)အပိုဒ်ခွဲ (င)တွင် သက်ဆိုင်
ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်းအနည်းဆုံး ဆယ်နှစ်နေထိုင်လျက်
ရှိသူဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တစ်ကယ်နေထိုင်သူဖြစ်ခြင်းဟုပါရှိသော်လည်း ရွေးချယ်ရေးအဖွဲ့သည် သေချာစွာစုံစမ်းခြင်းမပြု
ဘဲရွေးချယ်ခဲ့သည်ဟု ထင်ပါသည်။ ဦးကြည်သိန်းသည် မြေနီကုန်းရပ်ကွက်တွင်အစဉ်နေထိုင်သူမဖြစ်သလို
(၂၀၀၇)ခုနှစ်ခန့်မှ ဈေးကြိုရပ်ကွက်မှ ပြောင်းေ၇ွှ့နေထိုင်လာသူဖြစ်ပြီး ၄င်း၏အိမ်ကို လည်း(ABC)ကုမ္မဏီ
အား နှစ်ချုပ်ဌါးရမ်းထားပြီး ရွှေ့ပြောင်းနေထိုင်သူဖြစ်ပါလျှက် လိမ်လည်ရွေးချယ်ခံခဲ့သူ ဖြစ်ကြောင်းတွေ့
ရပါသည်။ထို့အတူအပိုဒ်ခွဲ(စ)တွင် ရပ်ရွာကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း
ဟုပါရှိသော်လည်း ဦးကြည်သိန်းသည်၁၉၈၇ခုနှစ်၌ ဒေါက်တာလွမ်းသာ၏ညီဖြစ်သူပလားနီ(ခ)ဦးမျိုးလွင်မှ 
ယုံကြည်အပ်နှံလွှဲအပ်ခဲ့သည့်ဆိုင်ခန်းအားအလွဲသုံးစားပြုခဲ့မှုဖြင့်တရားစွဲခံရပြီး ပြစ်ဒဏ်(၁)နှစ်ကျခံရဖူးသော
သူဖြစ်ပါသည်။ ထို့ကြောင့် ရွေးချယ်ရေးအဖွဲ့များ မည်သို့ရွေးချယ်သွားသည်ကို စဥ်းစားမရဖြစ်နေပါသည်။
                     ထိုရွေးကောက်ပွဲအား မော်လမြိုင်မြို့၊မြေနီကုန်းရပ်ကွက်နယ်မြေ(၁)နေ ဦးမောင်မြင့်(MME-၆၂၃၈၁၁)ကိုင်ဆောင်သူ၏ တိုင်ကြားစားအား အောက်တွင်ဖော်ပြအပ်ပါသည်။



                                                                                              ရပ်ကွက်များအားကောင်းစေချင်သူ













No comments:

Post a Comment